ကျွန်တော့် မိတ်ဆွေတစ်ယောက်က မေးတာနဲ့  ဒီ Post လေးကို တင်ပေးဖြစ်သွားတာပါ....
Samsung Galaxy mini GT-S5570 အတွက် CWM install လုပ်တော့မယ်ဆိုတော့ လိုအပ်မည့် Software လေးတွေ အရင် Down ထားရအောင်.........
1. Clockworkmod Recovery
2. Odin 3.07
Software တွေ Down ပြီးရင်တော့... အရင်ဆုံး Down ထားတဲ့ Odin ကို Extract လုပ်ပါ Odin 3.07.exe ကို Run ထားပါ....
ထို့ နောက် ဖုန်းကို ပါဝါပိတ်ပါ...
ပြီးနောက် ဖုန်းကို Download Mood သို့ ဝင်ပါ... (Download Mood ၀င်ရန် Key - Vol down + Home + Power ကို Vol down မှစတင်၍ အစဉ်အလိုက် ဖိနှိပ်ပါ)
ဖုန်းကို ကွန်ပျူတာ နှင့် ချိတ်ဆက်ပါ.....
ထိုအခါ Odin `၏ ဘယ်ဘက်အခြမ်းတွင် ရှိသော Message box ထဲတင် ''Added!'' ဆို၍ ပေါ်လာလျှင် ဖုန်းနှင့်ကွန်ပျူတာ ချိတ်ဆက်မိပါပြီ.....(အကယ်၍ မပေါ်ပါက မိမိ၏ကွန်ပျူတာထဲမှ ဖုန်း Driver အားစစ်ဆေးပါ)
ထို့ နောက် Odin မှ PDA ဆိုသည့် နေရာကို နှိပ်၍ Down လို့ ရထားသည့် tass-recovery-cwm.tar file ကို ရွေးပေးပါ.....
Step တစ်ခုဆီကို ပုံတွင် တွေ့ နိင်သည်....
ပြီးလျှင် Start ကိုနှိပ်ပါ....(အဲ့..start မနှိပ်ခင် Odin ရဲ့ Option ကို ကိုယ့်သဘောနှင့် ကိုယ် မပြောင်းလဲပါနှင့်)
Pass ဆို၍ပြလျှင် CWM အား အောင်မြင်စွာတင်နိင်ပါသည်....
ဖုန်းအား Roboot ဖြစ်သွား၍ ပြန်တက်လာမည်....
CWM ခေါ်ရန်- Battery အား 3 sec မျှ ဖြုတ်၍ ထားပါ..
- Battery ပြန်တပ်၍ Vol up + Vol dowm +Home +Power ကို Vol up မှစ၍ အစဉ်အလိုက် ဖိနှိပ်ပါ........